တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း

14 Pic 01 14 Pic 03 14 Pic 04 14 Pic 05 14 Pic 06 14 Pic 07 14 Pic 08

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား (၁၃-၁၀-၂၀၁၈)နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး UNHCR. မှ ကိုယ်စားလှယ် ဒေါ်စုသဉ္ဇာစိုးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်သရုပ်ပြ အစီအစဉ်များ တင်ဆက်ခြင်း၊ Video ပြသခြင်း၊ ဓာတ်ပုံပြခန်းများအား လှည့်လည်ပြသခဲ့ပြီး၊ အခမ်းအနားသို့အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များINGOs /NGOs မှဖိတ်ကြားထားသူများ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events