Category Archives: News
-
လေဘေးသင့်နေအိမ်နှင့် ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် ဈေးကလေး ကျေးရွာနှင့် ရေသိုးကျေးရွာတို့၌ (၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးသွားသော အိမ်ခြေ (၁) လုံးနှင့် ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးတို့အတွက် (၁၈,၅၁၀/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ (၃၂,၃၅၃/-) တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးအုပ်စု၊ ညောင်တန်းကျေးရွာ၌ (၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၅၆၂၃၅) ကျပ်ကို ( ၁၁-၁၀-၂၀၁၈) ရက်နေ့တွင် … Read more
-
ရွှေ့ပြောင်းအလုပ်သမား ရခိုင်တိုင်းရင်းသား (၁၆) ဦးအတွက် ထောက်ပံ့ခြင်း
================================================ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့မှ ကျိုင်းတုံမြို့သို့ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမား ရခိုင်တိုင်းရင်းသား ကျား (၁၄) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ကျားလုံချည် (၁၄) ထည်၊ မလုံချည် (၂) ထည်၊ တီရှပ် (၁၆) ထည်၊ တဘက် (၁၆) ထည်၊ … Read more
-
တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေးမှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်။ ၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပေး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးကလည်း တရားဥပဒေစိုးမိုးရေးနှင့် … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု RedCrossMovement (RCM) အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ၊ ၁၁ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်အား ကြက်ခြေနီ လှုပ်ရှားမှုRedCrossMovement (RCM) အဖွဲ့က အဆိုပါဝန်ကြီးရုံး၊အစည်းအဝေးခန်းမ၌ ယနေ့လာရောက်တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နမိတ်မျဉ်း အနီး ယာယီ နေထိုင်သူများအား ကြက်ခြေနီလှုပ်ရှားမှုမှ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ကနဦးလေ့လာခြင်း ခရီးစဉ်(ခြံစည်းရိုးကိုဖြတ်ကျော်ခြင်းမပြုဘဲ)သွားရောက်ခဲ့ပြီးတွေ့ရှိချက်များ၊ ဒုတိယအကြိမ် အသေး စိတ်ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ နယ်နိမိတ်မျဉ်းအနီးနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများ အား ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များအားတင်ပြခြင်း၊ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် မှန်ကန်သောချဉ်းကပ် မှုဖြင့်ဆောင်ရွက်နိုင်ရေး၊ … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction-IDDR) အထိမ်းအမှတ်အကြိုအဖြစ် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခြင်း
================================================ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ NGO/INGO အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ စုပေါင်း၍ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအကြိုလုပ်ရှားမှုအနေဖြင့် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် မြစ်ကြီးနားမြို့ ပြည်သူ့ရင်ပြင်၌ နံနက် (၀၈း၀၀) နာရီမှစ၍ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့(၇) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက် ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ (၇) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က အဖွင့် အမှာစကား ြပောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြင့်မားရေးနှင့် ပတ်သက်၍ အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)(NSPAW)တွင် ကျန်ရှိသော (၅) နှစ်တာကာလအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် … Read more
-
မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်၊ ရေဂလုတ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်တို့အား (၁၁-၁၀-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် သေဆုံးသူ၏ မိသားစုလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_Oct2018
-
မိုးကြိုးဘေးနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တမံကျေးရွာအုပ်စု၊ တမံ ကျေးရွာ၌ မိုးကြိုးဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်း စာစောင်များ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_tls #ayy_Oct2018
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု အထက်ကဇင်း တောကျေးရွာ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၃၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၇,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၇၇,၇၀၀/-) ကျပ်အားလည်းကောင်း၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၌ (၃-၁၀-၂၀၁၈) … Read more









