Category Archives: News
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ အာဆီ ဘုရားကျောင်းတွင် တက်ရောက်သူ (၁၂၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။သဘာဝဘေး အသိပညာပေးဟော ပြောရာတွင် ဌာန၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများကို ခရိုင်ဦးစီးမှူးမှ လည်းကောင်း၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေးအစရှိသည့်ဘေးများ၏ ဆောင်ရန်ရှောင်ရန်များကို ဒုတိယဦးစီးမှူးမှ လည်းကောင်း ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲ တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ၊အသိပညာပေးဗွီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်းများ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာတွင် (၂၃-၁၀-၂၀၁၈)နေ့၌ လေဘေးသင့် အိမ်ခြေ (၁) လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိလူဦးရေ (၃) ဦးတို့အတွက် (၃၇,၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၆,၃၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်ကိုလည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆-၁၀-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ #ha_sgw #ayy_oct2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ မိသားစု၊လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍ များဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ ညီလာခံသို့ တက်ရောက်
အောက်တိုဘာလ၊၂၇ရက် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အောက်တိုဘာလ (၂၃)ရက်နေ့မှ(၂၅)ရက်နေ့ အထိ ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့် စပ်လျဉ်း၍ မိသားစု၊လူ့အဖွဲ့အစည်း နှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ညီလာခံအား အီရန်နိုင်ငံ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ အီရန်နိုင်ငံ လူမှုဝန်ထမ်းအဖွဲ့အစည်း (State Welfare Organization)၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် Helpage International တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ တွေ့ဆုံ ဆွေးနွေး
အောက်တိုဘာလ၊၂၇ နေပြည်တော် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံရုံးအစည်းအဝေးခန်းမ၌ သံအမတ်ကြီးက မြန်မာသံရုံး၏ ဂျပန်နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာ တာရှီအိုနာရှီမူရာအား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် တည်ဆောက်ရေး ကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဒရုန်း(Drone)များကို ဥပဒေနှင့်အညီ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၆-၁၀-၂၀၁၈)ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သုဝဏ္ဏရပ်ကွက်မှ မိုးကြိုးထိမှနိသေဆုံးသူ မောင်ထက်ကိုလင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်ကို (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် လည်းကောင်း မိုးကြိုးစက်ကွင်းမိ၍ ဆေးရုံတက်လူနာ(၂) ဦးဖြစ်သော ကိုအေးစိုးနှင့် မောင်သော်ဇင် တို့အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်အား (၂၇-၁၀-၂၀၁၈)နေ့၌လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #tny_oct2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်ပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာ၌ (၁၆-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁)စုနှင့်(၂၅-၁၀-၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု(၃)စုတို့မှ စုစုပေါင်းလူဦးရေ(၂၇)ဦးအတွက် (၄) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၆,၇၀၀) ကျပ်တို့အား (၂၇-၁၀-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခနခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ #ha_rbe #sgg_oct2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်ပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သစ်ဖြူကုန်းကျေးရွာနှင့် မိုးတားလေးကျေးရွာတို့၌ (၁၈-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးအတွက် (၃)အိမ်ထောင်စာ ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)တို့အား (၂၆-၁၀-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #sgg_oct2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ (၂၁-၁၀-၂၀၁၈)ရက်နေ့ (၀၁:၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ထိန်တောကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၅,၀၀၀)ကျပ်နှင့် (၂၁-၁၀-၂၀၁၈) ရက်နေ့ (၁၁:၃၀) အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပူးပေါင်းဖော်ဆောင်ရေး ဂျပန်နိုင်ငံတွင် ဆွေးနွေး
အောက်တိုဘာ ၂၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပူးပေါင်းဖော်ဆောင် ရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ လွှတ်တော်အဆောက် အဦ၌ ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ၏ ဥက္ကဌ Mr. Aisawa Ichiro နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအား အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto၊ မြန်မာ့အရေး စိတ်ဝင်စားသည့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်မှု သတင်း
အောက်တိုဘာ ၂၅၊ ဟနွိုင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလ (၂၄) ရက်နှင့် (၂၅) ရက်နေ့များ တွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ် နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung … Read more









