စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သစ်ဖြူကုန်းကျေးရွာနှင့် မိုးတားလေးကျေးရွာတို့၌ (၁၈-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးအတွက် (၃)အိမ်ထောင်စာ ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)တို့အား (၂၆-၁၀-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#sgg_oct2018
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)