စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာ၌ (၁၆-၁၀-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁)စုနှင့်(၂၅-၁၀-၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု(၃)စုတို့မှ စုစုပေါင်းလူဦးရေ(၂၇)ဦးအတွက် (၄) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၆,၇၀၀) ကျပ်တို့အား (၂၇-၁၀-၂၀၁၈)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခနခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
#ha_rbe
#sgg_oct2018
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)