လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ အာဆီ ဘုရားကျောင်းတွင် တက်ရောက်သူ (၁၂၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။သဘာဝဘေး အသိပညာပေးဟော ပြောရာတွင် ဌာန၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများကို ခရိုင်ဦးစီးမှူးမှ လည်းကောင်း၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေးအစရှိသည့်ဘေးများ၏ ဆောင်ရန်ရှောင်ရန်များကို ဒုတိယဦးစီးမှူးမှ လည်းကောင်း ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲ တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ၊အသိပညာပေးဗွီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်းများ ပြုလုပ်ခဲ့ပါသည်။
#ar
#shn_oct2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)