လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

28_Pic_01

အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စု၊ ရွာကလေးကျေးရွာတွင် (၂၃-၁၀-၂၀၁၈)နေ့၌ လေဘေးသင့် အိမ်ခြေ (၁) လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိလူဦးရေ (၃) ဦးတို့အတွက် (၃၇,၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၆,၃၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်ကိုလည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆-၁၀-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

#ha_sgw

#ayy_oct2018

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events