လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ မိသားစု၊လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍ များဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ ညီလာခံသို့ တက်ရောက်

28_Pic_02 28_Pic_03 28_Pic_04

28_Pic_05

အောက်တိုဘာလ၊၂၇ရက် နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အောက်တိုဘာလ (၂၃)ရက်နေ့မှ(၂၅)ရက်နေ့ အထိ ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့် စပ်လျဉ်း၍ မိသားစု၊လူ့အဖွဲ့အစည်း နှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။         အဆိုပါ ညီလာခံအား အီရန်နိုင်ငံ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ အီရန်နိုင်ငံ လူမှုဝန်ထမ်းအဖွဲ့အစည်း (State Welfare Organization)၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် Helpage International တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံကို အီရန်နိုင်ငံမှ ဒုတိယသမ္မတ (၁) H.E. Dr Eshaq Jahangiri ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ခေတ္တဝန်ကြီး H.E. Dr. Mohseni Bandpey၊ ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Hassan Ghazizadeh Hashemi နှင့် UNFPA မှ Executive Director H.E. Dr Natalia Kanem တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ရာ အာရှပစိဖိတ်ဒေသတွင်းရှိ မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း (၂၅)နိုင်ငံမှ နိုင်ငံကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင သက်ကြီးရွယ်အိုကိစ္စရပ်များအား ဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ ကြပါသည်။ ညီလာခံတွင် အာရှပစိဖိတ်နိုင်ငံအများစု၌ မွေးဖွားနှုန်းကျဆင်းလာပြီး လူ့မျှော်မှန်း သက်တမ်းတို့ ရှည်ကြာလာခြင်းကြောင့် သက်ကြီးရွယ်အိုများ၏ အချိုးအစားမှာ မြင့်မားလာလျက်ရှိရာ များပြားလာ သော သက်ကြီးရွယ်အိုများအတွက် ဝင်ငွေဖူလုံရေး၊ လိုအပ်သောပြုစုစောင့်ရှောက်မှုများအား ထိရောက်စွာ ပေးအပ် နိုင်ရေး၊ သက်ကြီးများအနေဖြင့် လူမှုရေး၊ စီးပွားရေးနှင့် ၎င်းတို့ကျွမ်းကျင်ရာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး နှင့် အထီးကျန်မှုများ လျော့နည်းသက်သာစေရေး၊ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေ များသတ်မှတ်ဆောင်ရွက်ရာတွင် ငယ်စဉ်ဘဝမှ စတင်၍ သက်ကြီးဘဝအထိ ထည့်သွင်းစဉ်းစားသည့် (Life Cycle Approach)ဖြင့် ဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများသည် အမျိုးသားများထက်အသက်ရှည် လေ့ရှိရာသက်ကြီး အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းမှုစသည့်ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရာတွင်အဓိကအကျဆုံးဖြစ်သည့် သက်ကြီးများ၏ လိုအပ်ချက်များ၊ လိုလားချက်များကို သိရှိနားလည်နိုင်ရေးအတွက် သက်ကြီးများ၏ အကြံဉာဏ်များ၊ အကြံပြုချက်များအားအလေးထား၍ ရယူသုံးစွဲရေး တို့အား အထူးပြုဆွေးနွေး ခဲ့ကြပြီး မြန်မာ နိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူများ လူ့ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် ဒီမိုကရေစီစံနှုန်းများနှင့် အညီရရှိခံစားနိုင်ရေး လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒချမှတ်ဆောင်ရွက်နေပုံများ၊ သက်ကြီးရွယ်အိုများ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်နိုင်မှု၊ သက်ကြီး ပင်စင်အား မူလက အသက်(၉၀)နှစ်အထက် သက်ကြီးအားလုံးအား ထောက်ပံ့ပေးနေရာမှ ယခု ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအထိ ပိုမိုထောက်ပံ့ပေးနိုင်ခဲ့မှုများ၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက် ရေး Older People Self Help Groups (OPSHG)မှသည် သက်ကြီးများ၊ လူငယ်များ အားလုံးပါဝင်သော Inclusive Self Help Groups (ISHG) အဖြစ်သို့ ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့ပြီး အီရန်နိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော သက်ကြီးများ ကိုယ်တိုင်တည်ထောင်ထားသည့် နေထိုင်မှုဆိုင်ရာ အစီအစဉ်များ၊ အစီအမံများနှင့် တီဟီရန်မြို့ စည်ပင်သာယာရေးဌာနမှ ကူညီပံ့ပိုးဆောင်ရွက်ပေးနေမှုများအား လက်တွေ့သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

#h2

#Iran_oct2018

Source: MSWRR

Sign Up

Upcoming Events