Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၁၁) ရွာတို့၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃၈) လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ (၂,၂၄၈,၀၀၀/-) ကျပ် ၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး … Read more
-
လူထုအသိပညာပေး မီးဘေးပိုစတာ ပြောင်းလဲတပ်ဆင်ခြင်း
================================================ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့၊ လူထုအသိပညာပေး မီးဘေးပိုစတာအား လူစည်ကားရာအရပ်ဖြစ်သည့် မော်လိုက်မြို့၊ မြို့မဈေးရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ မဲခင်းချောင်အုပ်စု၊ မဲခင်းချောင်ကျေးရွာနှင့် ငါးပိဆိပ်အုပ်စု၊ ဓါတ်ကုန်းကျေးရွာတို့၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက်(၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာနှင့် (၃၂,၃၅၃/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၂၅-၁၀-၂၀၁၈) ရက်နေ့ တွင်ဖြစ်ပွားခဲ့သော ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ် (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး (၂) ပုံးနှင့် လူဦးရေ (၉) ဦးအတွက် (၂,၁၀၀/-) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီအချိန်နှင့် (၁၄း၀၀) နာရီအချိန်တို့တွင် ဓနုဖြူမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်၊ ကုန်းတန်းတောင်၊ ဗျင်းဘွဲကျေးရွာအုပ်စုအတွင်းရှိ တောင်ဇီး၊ ဒါးခုတ်ချောင်း၊ ဗျင်းဘွဲ၊ အစွန်ကျေးရွာတို့၌ (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၆၃) လုံး၊ အမိုးလန်နေအိမ်(၂၁၂) လုံး၊ စုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၀.၂၀၁၈) ရက်နေ့၌ ဒက္ခိဏသီရိမြို့နယ် အ.ထ.က (၁၈) စာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်း သား/ ကျောင်းသူများအား ဗီနိုင်း၊လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw-oct2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဇင်ယော်မော်ကျေး ရွာအုပ်စု၊ ဇင်ယော်မော် ကျေးရွာ၌ (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (ဓနိမိုး/ဝါးထရံကာ/ကြမ်းခင်း) (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၆၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
============================================ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၃:၃၀) အချိန်မှ (၁၅:၃၀) အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ) မင်းကုန်းကျေးရွာ စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၂၀)ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအသိပညာပေး ဗီနိုင်း၊ လက်ကမ်းစာစောင်နှင့် ဘောလ်ပင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် (၂၈.၁၀.၂၀၁၈)နေ့ လေဘေးကြောင့် အမိုးလန် ပျက်စီးသွားသော အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၂) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး(၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၅၂၀ဝ/)ကျပ် တို့အား (၃၀-၁၀-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_oct2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေး အသိပညာပေးပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ဈေးအရှေ့ဘက်၊ ယုဇနလမ်းဘေး၌ ယခင်က ငလျင်အသိပညာပေးဆိုင်းဘုတ်စိုက်ထူထားရာမှ (၃၀-၁၀-၂၀၁၈) ရက်နေ့၊ ညနေ့ (၄း၃၀) အချိန်တွင် မီးဘေး အသိပညာပေးပိုစတာအား ပြောင်းလဲစိုက်ထူခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_oct2018









