ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှုအားသွားရောက်ကြည့်ရှုမှုသတင်း

12 Pic 01 12 Pic 02စစ်တွေ နိုဝင်ဘာ ၁၁
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည် လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့သို့သွားရောက်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် အသင့် ပြင်ဆင်ထားမှုအခြေအနေကို ကြည့်ရှု သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ တာဝန်ရှိသူများနှင့်အတူ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိရာ စခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးက ပြန်လည်လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် ရုံးလုပ်ငန်းစဉ်များ၊ ပြန်လည် ဝင်ရောက်လာသူများ ယာယီတည်းခိုနေထိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ ယင်လုံ အိမ်သာအလုံအလောက်ရှိအောင်ဆောင်ရွက်ထားမှု၊ စခန်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေးစခန်းရှိ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများဆောင်ရွက်မည့် နေရာ၊ နေရပ် စွန့်ခွာသူများအား အထောက်အကူပြုပစ္စည်းများပေးအပ်မည့်နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးမည့်နေရာနှင့် ယာယီတည်းခိုမည့်နေရာတို့ကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က စခန်းအတွင်း ပြန်လည်လက်ခံရန် အသင့်အနေအထားဖြစ်မှုနှင့် ပြန်လည်လက်ခံရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ထပ်မံ ဆောင်ရွက်သွားမည့်လုပ်ငန်းများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရပြန်လည် လက်ခံရေးစခန်း၌ တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာမည့်သူများအား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်မည့်နေရာ၊ အထောက်အကူပြုပစ္စည်းများ ပေးအပ် မည့် နေရာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်နေရာနှင့် ယာယီတည်းခိုမည့်နေရာတို့ကို လှည့်လည် ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ် ငါးခူရကျေးရွာ၌ နမူနာဆောက်လုပ်ထားသည့် ကျေးလက်လူနေအိမ်ပုံစံများ ပြီးစီးနေမှု အခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်က စခန်းဆိုင်ရာအချက်အလက်များ၊ စခန်းအတွင်းရိက္ခာများသိုလှောင်ထားမှု၊ ကျန်းမားရေး စောင့်ရှောက်မှုပေးရန်၊ သုံးသောက်ရေ၊ လျှပ်စစ်မီးနှင့် ယင်လုံအိမ်သာအဆင်ပြေစွာအသုံးပြုနိုင်ရန်၊ ပြန်လည်ဝင်ရောက်လာသူများ စခန်း၌ ယာယီနေထိုင်စဉ် ကာလအတွင်းအဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင်စခန်းအတွင်း ဖွင့်လှစ်ပေးထားသည့် ဆေးပေးခန်း၊ သောက်သုံးရေ ရရှိနေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာသူများယာယီတည်းခိုမည့်အဆောင်၊ ကလေးကစားကွင်းများ၊ ကစားစရာများဖန်တီးပေးထားမှုနှင့် ကလေးများစာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကိုညှိနှိုင်းခဲ့ပါသည်။
အဆိုပါ စခန်းများသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စခန်းတာဝန်ခံများနှင့် တာဝန်ရှိ သူများအားနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင် မိမိတို့ဘက်ကဆောင်ရွက်ရမည့် လုပ်ငန်းများအသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ပြန်လည်လက်ခံစိစစ်ခြင်းလုပ်ငန်းများကိုဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက် သွားရမည်ဖြစ်ကြောင်းမှာကြားခဲ့သည်။
နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့ယွင်းသူများက ပူးပေါင်းပါဝင် သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှေက် စုန်ဆင်းမည့် ငြိမ်းချမ်းရေးခရီးစဉ် လိုအပ်မှုများ အတွက် ထောက်ပံ့ငွေကျပ် သိန်း (၁၀၀)ကိုယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးခန်း၌ ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင် ကျောင်း (ခဝဲခြံ) မှ အတွင်းရေးမှူးဦးသိန်းလွင်နှင့်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#rke_nov2018

Sign Up

Upcoming Events