နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဆွေးနွေးပွဲ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

11 Pic 01
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့် ရခိုင်ဒေသ၌နေခဲ့သည့် သူများအားစိစစ်၍ပြန်လည်လက်ခံရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ စိစစ်ခြင်းလုပ်ငန်းများကိုဥပဒေ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်ဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီစာချုပ်အတိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်အရသဘောတူလက်မှတ်ထိုးသည့်နေ့မှ (၂)လအတွင်းစတင်လက်ခံရန် အသင့်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရန်အတွက် ယုံကြည်မှုရှိရန်နှင့် ပွင့်ပွင့်လင်းလင်းရှိရန် လိုအပ်ပါကြောင်း၊ UNHCR/ UNDPနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းသည် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးကိစ္စများကိုပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါကြောင်း၊ ပထမအသုတ်အနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောတူညီချက်အရ (၂၂၅၁)ဦးကို ပြန်လည်လက်ခံမည် ဖြစ်ပါကြောင်း၊ မလွှဲမသွေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်၍အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံအနေဖြင့်ဆောင်ရွက်ရမည့်တာဝန်များကိုလုပ်ထုံးလုပ်နည်းနှင့်အညီအကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံရေးကိစ္စရပ်များ၊ ပြန်လည်နေရာချထားရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များကိုအသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ smart အထည်ချုပ်စက်ရုံနှင့် ခိုင်ပြည်စိုးအထည်ချုပ်စက်ရုံများသို့ သွားရောက်၍ရခိုင်ပြည်နယ်အတွင်းအလုပ်အကိုင်အခွင့် အလမ်းရရှိရေးဦးတည်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းအကောင်အထည်ဖော်မှုများကိုလေ့လာကြည့်ရှုပြီးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရေးညှိနှိုင်းပေးခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Red Cross Movement အနေဖြင့် ဆောင်ရွက်လျက်ရှိသော IFRC၊ ICRC နှင့် MRCS အဖွဲ့များအားတွေ့ဆုံပြီး ပြန်လည်လက်ခံရေးနှင့် ပြည်လည်နေရာချထားရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

#hl1
#rke_Nov2018
Source – MSWRR (၁၀-၁၁-၂၀၁၈ ၊စစ်တွေ)

Sign Up

Upcoming Events