မိုးအဆက်မပြတ်ရွာသွန်း၍ ကွိုင်ငံရေထွက်ပေါက်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြောင်းရွှေ့ပြည် သူများအား ထောက်ပံ့မှုသတင်း

10 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၁၀၈) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ကွိုင်ငံရေထွက်ပေါက်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာအုပ်စု၊ (၄) မိုင်ကုန်းကျေးရွာရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး ဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြောင်းရွှေ့ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀ဝ/-) ကျပ်အား (၉-၁၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#kyh_nov2018

 

Sign Up

Upcoming Events