သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

12 Pic_01 12 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စု၊ အင်ဝိုင်းကောင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) အချိန်တွင် ဒေသခံပြည်သူ (၈၀) ဦးအားလည်းကောင်း၊ အင်လောက်ယန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၁၄း၃၀) အချိန်တွင် ဒေသခံပြည်သူ (၅၀) ဦးအားလည်းကောင်း  ဒေသသုံး (ကချင်) ဘာသာစကားဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကချင်ဘာသာစကားဖြင့်ပုံနှိပ်ထားသော ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#ar_eqk

#kcn_nov2018

Sign Up

Upcoming Events