
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၁.၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိစာသင်ကျောင်းများတွင် လှေ၊ စက်လှေများဖြင့် ကျောင်းတက်နေရသော ကျောင်းသား၊ကျောင်းသူများ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာ၊ ဝေဆွယ်ကျေးရွာ၊ အထက်သဖန်းဒေါင့်ကျေးရွာ၊ အောက်သဖန်းဒေါင့် ကျေးရွာ၊ ဂွေ့ကြီးကျွန်း ကျေးရွာ၊ နွယ်နီကျေးရွာ၊ စုစုပေါင်းကျေးရွာ(၆)ရွာအတွက် အသက်ကယ်အင်္ကျီ(၁၂၀)ထည်နှင့် ရွှေဘိုမြို့၊ မအူကျေးရွာအတွက်အသက်ကယ် အင်္ကျီ(၁၀)ထည် စုစုပေါင်းအသက်ကယ်အင်္ကျီ (၁၃၀)ထည် နှင့် မီးဘေး၊ငလျင်ဘေး အသိပညာပေးပိုစတာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#sgg_Nov2018
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)