မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

10 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော နယ်မြေဒေသအခြေအနေအရ အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင်ကျေးရွာအုပ်စုရှိ အင်ဝိုင်းကောင်ကျေးရွာနှင့် အင်လောက်ယန်ကျေးရွာများရှိ ဒေသခံပြည်သူများသည် မိမိတို့အိုး အိမ်၊ လယ်၊ ယာများအား စွန့်ခွာ၍ မြစ်ကြီးနားမြို့နယ်ယာယီတိမ်းရှောင်စခန်းများသို့ ရောက်ရှိနေထိုင်ခဲ့ရပြီး၊ ၂၀၁၈ခုနှစ် မေလကုန်ပိုင်းမှစတင်၍ နယ်မြေဒေသတည် ငြိမ်အေးချမ်း၍ နေရပ်ဒေသသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရသဖြင့် မူလအလုပ်အကိုင်အခွင့်အလမ်း ပိုင်ဆိုင်မှုများအထိုက်အလျောက်ဆုံးရှုံးမှုများဖြစ်ပေါ်၍ လက်ရှိတွင်အခက်အခဲများ ကြုံတွေ့နေရသော ဒေသခံပြည်သူ အိမ်ထောင်(၉၀)၊ လူဦးရေ(၅၇၄)ဦးတို့အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား (၁)လစာ တန်ဖိုးစုစုပေါင်း ငွေ(၇၆၇၂၅၀၀ိ/)(ခုနှစ်ဆယ့်ခြောက်သိန်းခုနှစ်သောင်းနှစ်ထောင့်ငါးရာကျပ်တိတိ) အား အဆိုပါကျေးရွာများသို့ (၉.၁၁.၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr
#kcn_Nov2018
Source:ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events