ကမ်းပြိုဘေးကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

10 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ကျွန်းကြီးကျေးရွာတို့၌ (၆-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စုမှ လူဦးရေ (၁၀၀) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၁၈,၅၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၇) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၇၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၉၁၀,၀၀၀/-) ကျပ်အား (၉-၁၁-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#ayy_nov2018

Sign Up

Upcoming Events