Category Archives: News
-
ဘားအံမြို့ရှိ သီလရှင်စာသင်တိုက်သို့ သွားရောက်ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကဒေါင်ကျေးရွာရှိ သုခဝတီသီလရှင် စာသင်တိုက်သို့ ဆန် (၁) တင်းခွဲ (၁၀) အိတ်၊ ဆီ (ဝ.၅) လီတာ (၂၇) ဗူး၊ ဆား (၁၀) ပိဿ (၂) အိတ်တို့ကို (၁၃- ၁၁-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #krn_nov2018
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့၊ (အ.လ.က) (ကာန) ကျောင်း၌ (၁၃-၁၁-၂၀၁၈) ရက်နေ့တွင် ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သဗြု ကုန်းကျေးရွာအုပ်စု၊ သဗြုကုန်းကျေးရွာ အ.လ.က (သဗြုကုန်း) အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲနှင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာ သူ/သားများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ် အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၀၀) ခန့် … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ လေးလံကျွန်း ကျေးရွာ၊ ရေလယ်သောင်ကျေးရွာနှင့် မြင်းကျွန်းကျေးရွာတို့၌ (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် ဧရာဝတီ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆၅) ဦးအတွက် … Read more
-
ကချင်ပြည်နယ်ရှိ (IDPs) စခန်း (၁၂) ခုမှ ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၏ လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန် ရှိသူများသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဒေါ်ဂျေကော့ဘူ၊ လူမှုရေးဝန် ကြီး ဒေါက်တာသင်းလွင် တို့နှင့်အတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ (IDPs) စခန်း (၁၂) ခုမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများ၌ တက်ရောက်နေကြသော ကျောင်းသား/သူ စုစုပေါင်း (၂၀၇၃) ဦးတို့အတွက် ပညာသင်ထောက်ပံ့ငွေ စုစုပေါင်း (၁၅,၃၄၃,၀၀၀/-) ကျပ်အား (၁၂-၁၁-၂၀၁၈) ရက်နေ့၊ … Read more
-
ပြည်သူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ငလျင်အသိပညာပေးပိုစတာများသွားရောက်ကပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်လျက် ငလျင်အသိပညာပေးပိုစတာများအား ယင်းမာပင် မြို့မဈေး၊ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးရှိ ဝဲ/ယာ သစ်ပင်များ၊ ဆေးရုံ၊ ကားဂိတ်၊ ထွေ/အုပ်နှင့် ပြန်/ဆက်ရုံးများတွင် သွားရောက်ကပ်ခဲ့ပြီး ကျောင်း သား/သူများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များသိရှိနိုင်စေရန် ငလျင်ဘေး ပိုစတာ အစောင်ရေ (၅၀) အား ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံးမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၂ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထအကြိမ်) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးအတွက် အစည်းအဝေးများ ကျင်းပခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် လူငယ်များရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များကိုယ်တိုင်ရေးဆွဲနေခြင်း ဖြစ်ကြောင်း၊ မူဝါဒတွင် ပါဝင်သည့် ကဏ္ဍ(၁၆)ခုသည် လူငယ်များရပ်တည်မှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိရောက်စွာအကောင်အထည် ဖော်ပါက အမှန်တကယ် ကောင်းမွန်သည့်ရလာဒ်များရရှိမည်ဖြစ်ပါကြောင်း၊ မူဝါများရေးဆွဲပြဌာန်း၍ … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ၌ (၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၅၆,၇၀၀/-) ကျပ်တို့အား (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် … Read more
-
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေပေးအပ်မှုသတင်း
ရန်ကုန်၊ နိုင်ဝင်ဘာ ၁၂၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမြင်အာရုံချို့ယွင်းသူများအား ပူးပေါင်းပါဝင်ဆောင်ရွက်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်စုန်ဆင်းမည့် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်အဖွဲ့ကို ထောက်ပံ့ငွေကျပ်သိန်း (၁၀၀) ပေးအပ်ခဲ့ကြောင်း … Read more
-
မီးဘေးသင့်နေအိမ်နှင့် ကြိုတင်ဖျက်သိမ်းနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာအုပ်စု၊ ကျွန်းဒိတ်ကျေးရွာ၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ (၀၂း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကြိုတင်ဖျက်သိမ်း နေအိမ် (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ … Read more









