လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာ၌ (၂၅-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်ရွာပြည်သူ (၁၂၀) ဦးအားလည်းကောင်း၊
ညနေပိုင်းတွင် နန်းကစ်ကျေးရွာရှိ ရပ်ရွာပြည်သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_nov2018