
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၈)ရက်နေ့ (၁၀း၄၅)နာရီအချိန်၌ နတ်မှော်ကျေး ရွာအုပ်စု၊ နတ်မှော်ရွာသစ်ကျေးရွာတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၅)လုံးတွင် ကျောင်းနေရွယ်ကလေးရှိ နေအိမ် (၃)လုံးအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃) အိမ်ထောင်စာ ကျန်နေအိမ်(၂)လုံးအား ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ Family kit (၅)ထုပ်၊ ရေပုံး(၁၀)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ စုစုပေါင်း (၈၀၀,၀၀၀/-)နှင့် လူဦးရေစုစုပေါင်း (၂၄)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၅၀,၄၀၀/-)တို့အား မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့်အတူ (၂၆.၁၁.၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_nov2018
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)