
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၇.၁၁.၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်အထိ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီး ကျေးရွာအုပ်စု ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူဦးရေ (၁၂၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက် များဝေငှပေးခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ ဗီနိုင်းပိုစတာ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ar
#bgo_nov2018
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)