လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင် ကျေးရွာ၊ ဓမ္မရောင်ခြည်ကျောင်းတိုက်၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_nov2018