
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ အထက ကျောင်းတွင် (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမ စုစုပေါင်း (၈၀၀)ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)