လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြင်သာကျေးရွာအုပ်စု၊ ပြင်သာရွာ စိတ္တသုခကျောင်း၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁) နာရီမှ (၂:၃၀) နာရီအချိန်အထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ ကျေးရွာသားစုစုပေါင်း (၁၀၀) ဦးခန့်ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_nov2018
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)