လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ ကြိုက်ခန်းမ၌ မြန်မာသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့၊ Myanmar Preparedness Partnership (MPP) ၏ ကသာခရိုင်အတွင်းလုပ်ငန်းစဉ်ပထမနေ့အဖြစ် (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် “သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_nov2018