Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မကြုံကလက်ကျွန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တနင်္သာရီတိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်းနှင့်မကြုံကလက်ကျွန်းများတွင်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ထောက်ပံ့မှုများကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇာဒက်ကြီးကျေးရွာသို့ရောက်ရှိပြီးကျေးရွာအတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (နှစ်သိန်းလေးသောင်း)၊ မသန်စွမ်းသူ(၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်းနှစ်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၂၈)ဦးအတွက် ထောက်ပံ့ငွေ (ရှစ်သိန်းလေးသောင်း)၊ ကျွန်းနေပြည်သူ (၇၁၉) ဦးအတွက် ဆန်ထောက်ပံ့ငွေကျပ် (သိန်းသုံးဆယ် တစ်သောင်းကိုးထောင့်ရှစ်ရာ)နှင့် ဆလုံတိုင်းရင်းသား (၄၁၇)ဦးအတွက် ကျားလုံချည်၊ မလုံချည်နှင့် တီရှပ် တို့ကိုအသီးသီးပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောသူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် … Read more
-
Public Talk ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်၌ မြဝတီမြို့နယ်၊ ဝေါလေ မြိုင်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Public Talk (ပြည်သူ့စကားဝိုင်း) အခမ်းအနားတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားတွင် မြဝတီခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးး၊ ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး၊ ဝေါလေမြိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြားရေး နှင့်ပြည်သူဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့မှလူငယ်နှင့် သဘာဝပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူနှင့်ပြည်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး … Read more
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃:ဝဝ) နာရီမှ (၁၅:၀၀) နာရီ အထိ မိုင်းပျဉ်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် ငလျင်ဘေးနှင့်အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_dec2018 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲခြင်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ (၂၉.၁၂.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီမှ နေ့လည် (၁၁) နာရီ အထိ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်း ရပ်ကွက်တွင် တက်ရောက်သူ (၁၀၀) ဦးအား ငလျင် ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ငလျင်ဘေး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများ သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ် ကျင်းပပြုလုပ်မှုသတင်း
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မဲခင်းချောင်ကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာ၌ ”ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအစီအစဉ်” ကို (၂၈.၁၂.၂၀၁၈) ရက်နေ့၊ (၀၈:၃၀)နာရီချိန်မှ (၁၂:၀၀) နာရီချိန်အထိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်အောင်မြို့နယ်ကြက်ခြေနီ၊ ရပ်ရွာနေပြည်သူလူထု စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းအစီအစဉ်၌ ရေဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်မည့်သူများ ဆောင်ရွက်ရန် နည်းလမ်းများအား သရုပ်ပြဆွေးနွေးခြင်း၊ အစမ်းလေ့ကျင့်ခြင်း၊ သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခဲ့ရာ၌ ကဏ္ဍအလိုက် … Read more
-
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာ၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းအား ချောင်းဆုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဌာန များ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူလူထု စုစုပေါင်းအင်အား (၅၀၀) ဦးခန့်ဖြင့် ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #simex_str #mon_dec2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)ရှိ စိတ်ကျန်းမာရေးဆေးရုံမီးဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး အမျိုးသားလူနာဆောင် အပေါ်ထပ်၌ (၂၄-၁၂-၂၀၁၈)ရက်နေ့ညတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားလူနာဆောင်နှစ်ထပ် အဆောက်အဦနှင့်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး လူသေဆုံးထိခိုက်မှု မရှိပါကြောင်းနှင့် အဆိုပါ မီးဘေးသင့် စိတ်ကျန်းမာရေးလူနာများအတွက် ပုဆိုး (၁၀၀)ထည်၊ စပို့ရှပ် (၁၀၀) ထည်၊ ဆပ်ပြာ(၁၀၀) တောင့်၊ ဖိနပ်(၁၀၀) ရံ၊ ရေသန့် (၅) လီတာဘူး (၁၀၀)ဘူးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများက (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် လက်ဝယ်အရောက် … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာ၌ (၂၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) အချိန်တွင် ဦးဝင်းကျော်မိုး၏နေအိမ် တီဗွီစင်ရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၂၅,၂၀ဝ/-) … Read more
-
ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကျင်းပခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Myanmar Preparedness Partnership (MPP) နှင့်ပူးပေါင်း၍ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွက် လုပ်ငန်းတာဝန်များ (Terms of Reference –TOR) ရှင်းလင်းတင်ပြခြင်းနှင့် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်အဆင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များ (Terms of Reference … Read more
-
သဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း
================================================= Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်မှ (၁ရး၀၀) နာရီအချိန်ထိ ကောလင်းမြို့နယ်၊ ရေကန်သာကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာတွင် ကျေးရွာသူ ကျေးရွာသား (၅၀) ဦးအား သဘာဝဘေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။









