ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မကြုံကလက်ကျွန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများဆောင်ရွက်

01_Jan
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တနင်္သာရီတိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်းနှင့်မကြုံကလက်ကျွန်းများတွင်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ထောက်ပံ့မှုများကိုဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇာဒက်ကြီးကျေးရွာသို့ရောက်ရှိပြီးကျေးရွာအတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (နှစ်သိန်းလေးသောင်း)၊ မသန်စွမ်းသူ(၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်းနှစ်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၂၈)ဦးအတွက် ထောက်ပံ့ငွေ (ရှစ်သိန်းလေးသောင်း)၊ ကျွန်းနေပြည်သူ (၇၁၉) ဦးအတွက် ဆန်ထောက်ပံ့ငွေကျပ်  (သိန်းသုံးဆယ် တစ်သောင်းကိုးထောင့်ရှစ်ရာ)နှင့်  ဆလုံတိုင်းရင်းသား (၄၁၇)ဦးအတွက် ကျားလုံချည်၊ မလုံချည်နှင့် တီရှပ် တို့ကိုအသီးသီးပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောသူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးများအားအာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇာဒက်ကြီးကျေးရွာရှှိ ဓမ္မကာယာမတပ်ဦးကျောင်းတိုက်ရှိကျောင်းထိုင်ဆရာတော်အားသွာရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများလှူဒါန်းပြီးရွာ၏လိုအပ်ချက်များကိုလျှောက်ထားညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီးအမှတ် (၅၈) ရေတပ်စခန်းရိပ်သာတွင် မသန်စွမ်း(၁)ဦးအားထောက်ပံ့ငွေ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဂျလန်းကျေးရွာသို့ရောက်ရှိပြီးကျေးရွာရှှိ ငြိမ်းချမ်းအောင်ကျောင်းတိုက်မှ ဆရာတော်အားသွာရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများလှူဒါန်းပြီးရွာ၏လိုအပ်ချက်များကိုလျှောက်ထားညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ဂျလန်းကျေးရွာအတွင်းရှိအခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွား (၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်းရှစ်သောင်း)၊ မသန်စွမ်းသူ (၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်းရှစ်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၆)ဦးအတွက် ထောက်ပံ့ငွေ (တစ်သိန်းရှစ်သောင်း)၊ အမျိုးသမီးဦးဆောင် မိသားစု (၂၆)စုအတွက် (ခုနှစ်သိန်းရှစ်သောင်း)၊ ကျွန်းနေပြည်သူ (၂၇၄)ဦးအတွက် ဆန်ထောက်ပံ့ငွေကျပ်  (ဆယ့်တစ်သိန်းငါးသောင်းရှစ်ရာ)၊  ဆလုံတိုင်းရင်းသား (၂၀၆)ဦးအတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကဆန်အိတ် (၂၄)အိတ်တို့ကိုအသီးသီးပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောသူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးများအားအာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် မကြုံကလက်ကျေးရွာသို့ရောက်ရှိရာကျေးရွာအတွင်းရှိဆလုံတိုင်းရင်းသားဘော်ဒါဆောင်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၇) ဦးအတွက် ထောက်ပံ့ငွေကျပ် (နှစ်သိန်းတစ်သောင်း)၊ မသန်စွမ်းသူ (၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (ခြောက်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၈) ဦးအတွက် ထောက်ပံ့ငွေ (နှစ်သိန်းလေးသောင်း)၊ ကျွန်းနေပြည်သူ (၇၂၉) ဦးအတွက် ဆန် ထောက်ပံ့ငွေကျပ်  (သိန်းသုံးဆယ် ခြောက်သောင်းတစ်ထောင့်ရှစ်ရှာ)၊ဆလုံတိုင်းရင်းသား (၂၄၂) ဦးအတွက် ကျားလုံချည်၊ မလုံချည်၊တီရှပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကဆန်အိတ် (၃၀) တို့ကိုအသီးသီးပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောသူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးများအားအာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကြုံကလက် ကျေးရွာရှှိ အောင်ခေမာကျောင်းတိုက်ဆရာတော်အားသွာရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်းနှင့်မကြုံကလက်ကျွန်းများသို့ရောက်ရှိစဉ် ဆလုံတိုင်းရင်းသားများ အပါအဝင် ကျွန်းနေပြည်သူများနှင့် တွေ့ဆုံရာတွင် အစိုးရအနေဖြင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတစ်နိုင်ငံလုံးတွင် တန်းတူညီမျှ ခံစားရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဖြစ်သောကလေးသူငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုတစ်နိုင်ငံလုံးတွင် မျှတစွာခံစားရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိဝေးလံသောဒေသများဖြစ်သည့် ကျွန်းများတွင်နေထိုင်ကြသောတိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကိုသိရှိရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ဆောင်ရွက်မှုများကိုလည်းသိရှိပြီး ကျွန်းနေပြည်သူများကမိမိတို့၏ အခက်အခဲများကိုပွင့်လင်းစွာဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကျွန်းနေပြည်သူများ၏ လိုအပ်ချက်များကိုလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ယနေ့ ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီး၊ဂျလန်းနှင့် မကြုံဂလက်ကျွန်းတို့တွင်  ထောက်ပံ့ငွေ စုစုပေါင်းမှာကျပ်တစ်ရာတစ်ဆယ့်ရှစ်သိန်းနှစ်သောင်းနှစ်ထောင့်လေးရာတိတိဖြစ်ကြောင်းသတင်းရရှိပါသည်။

#hl1
#tny_jan2019

Sign Up

Upcoming Events