
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်၌ မြဝတီမြို့နယ်၊ ဝေါလေ မြိုင်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Public Talk (ပြည်သူ့စကားဝိုင်း) အခမ်းအနားတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားတွင် မြဝတီခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးး၊ ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး၊ ဝေါလေမြိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြားရေး နှင့်ပြည်သူဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့မှလူငယ်နှင့် သဘာဝပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူနှင့်ပြည်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုတ်သိမ်းခဲ့သည်။ အခမ်း အနားသို့ ဝေါလေမြိုင်မြို့မှ ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#otr
#krn_dec2018
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)