=================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Myanmar Preparedness Partnership (MPP) နှင့်ပူးပေါင်း၍ (၂၈-၁၂-၂၀၁၈) ရက်နေ့တွင် ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွက် လုပ်ငန်းတာဝန်များ (Terms of Reference –TOR) ရှင်းလင်းတင်ပြခြင်းနှင့် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်အဆင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များ (Terms of Reference –TOR)ကို Myanmar Preparedness Partnership (MPP)မှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက TOR နှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။