Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်တင်ပြဆွေးနွေးခြင်း အခမ်းအနားကျင်းပမှု သတင်း
နေပြည်တော်၊ မတ် ၆ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်၏ ဘတ်ဂျက်နှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနည်းပါးသော ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက် အပံ့ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော်၊ လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပခဲ့ ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန် က ယနေ့ အခမ်းအနားသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး နိုင်ငံတော်၏ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၃ – ၂၀၁၉) ရက်နေ့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ အင်ကြင်းလမ်းတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် (သွပ်မိုး/ပျဉ်ကာ)နေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦး မီးဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၁,၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စုစာ၊ ရေသန့်(၅)လီတာ (၁၅)ဗူး၊ စားဆီ (၅) ပိဿာ (၁)ပုံးတို့အား … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ လှိုင်းထောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်နှင့် (၄၀၃၅၃)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု (၂)စုစာတို့အား (၆ – ၃ – ၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #krn_mar2019 Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင်(၅-၃-၂၀၁၉)နေ့ကမ်းပြိုဘေးသင့်အိမ်ခြေ(၃)လုံး၊ ၎င်းအိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၆)ဦးတို့အတွက် (၁၈,၅၁၀) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃) အိမ်ထောင်စုစာကို လည်းကောင်း၊အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ(၃၃၃,၆၀၀)ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ(၃) ချပ်ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၃-၂၀၁၉)ရက်နေ့တွင်ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာ တခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁-၃-၂၀၁၉) ရက်နေ့မှ (၄-၃-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားသော ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ အထက်ကုန်းကျေးရွာနှင့် တဲတန်းကျေးရွာကမ်းပြိုဘေးတွင် ပြောင်းရွှေ့အိမ်ခြေ/အိမ်ထောင်စု (၃၀) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၀၀၀,၀၀၀)၊ လူဦးရေ (၉၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ ငွေ (၁၉၅,၃၀၀)၊ စုစုရန်ပုံငွေ(၃,၁၉၅,၃၀၀)၊ အိမ်ထောင်စု (၃၀) စာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တန်ဖိုး (၅၅၅,၃၀၀) ကျပ်နှင့် Care Myanmar ပလတ်စတစ်ဖျာ (၃၀) … Read more
-
မကွေးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာတွင် (၅-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်အိမ်ခြေ (၁) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆,၃၀၀ိ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁) စုစာတို့အား (၆-၃-၂၀၁၉) ရက်နေ့ (၁၁း၃၀) အချိန်တွင် မကြီးကန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၃ – ၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၄)ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၁၂,၆၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ ရေသန့်(၅ လီတာ)ဗူး (၆)ဗူးတို့အား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းကျေးရွာအုပ်စု ငှက်ပျောကျွန်းကျေးရွာ၌ (၃-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၁) ချပ် တို့အား(၆-၃-၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir … Read more
-
လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်များအား ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာ ပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်၊ ဧပြီနှင့် မေလများတွင် ဖြစ်ပွားလေ့ရှိသောလေဘေးအတွက် လေဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်အား ပြည်သူလူထုအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိရှိနိုင်ရေးအတွက် (၆-၃-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် လူစည်းကားသောဈေးနှင့် ကားဂိတ်များတွင် ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။ #ar #sgg_mar2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃ – ၃ – ၂၀၁၉) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးနေအိမ် (၇) လုံးနှင့် မီးတားကြိုတင်ဖျက်စီး နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၁၅,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၁၅,၅၀၀)ကျပ်နှင့် မီးဘေးသင့် လုံးဝပျက်စီးအိမ်ထောင်စု (၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် မီးဘေးကြိုတင် ဖျက်စီးနေအိမ် … Read more









