လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းကျေးရွာအုပ်စု ငှက်ပျောကျွန်းကျေးရွာ၌ (၃-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၁) ချပ် တို့အား(၆-၃-၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#ayy_mar2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)