မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

6 pic 01ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၃ – ၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၄)ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၁၂,၆၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ ရေသန့်(၅ လီတာ)ဗူး (၆)ဗူးတို့အား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ မြို့နယ်ထွေအုပ်ခန်းမတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events