မကွေးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

06 Pic 01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာတွင် (၅-၃-၂၀၁၉) ရက်နေ့၌  ဖြစ်ပွားခဲ့သော လေဘေးကြောင့်အိမ်ခြေ (၁) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆,၃၀၀ိ/-) ကျပ် နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁) စုစာတို့အား (၆-၃-၂၀၁၉) ရက်နေ့ (၁၁း၃၀) အချိန်တွင် မကြီးကန်
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။

 

#ha_sgw
#mgy_mar2019
Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events