ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃ – ၃ – ၂၀၁၉) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မှိုဟင်းတောကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးနေအိမ် (၇) လုံးနှင့် မီးတားကြိုတင်ဖျက်စီး နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၁၅,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၁၅,၅၀၀)ကျပ်နှင့် မီးဘေးသင့် လုံးဝပျက်စီးအိမ်ထောင်စု (၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် မီးဘေးကြိုတင် ဖျက်စီးနေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုုးတို့ကို (၅ – ၃ – ၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #rke_mar2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)