ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃ – ၃ – ၂၀၁၉) ရက်နေ့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ အင်ကြင်းလမ်းတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် (သွပ်မိုး/ပျဉ်ကာ)နေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦး မီးဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၁,၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စုစာ၊ ရေသန့်(၅)လီတာ (၁၅)ဗူး၊ စားဆီ (၅) ပိဿာ (၁)ပုံးတို့အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်တို့နှင့်အတူ (၁၅) ရပ်ကွက်ဓမ္မာရုံတွင် (၆ – ၃ – ၂၀၁၉) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)