ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ လှိုင်းထောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်နှင့် (၄၀၃၅၃)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု (၂)စုစာတို့အား (၆ – ၃ – ၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #krn_mar2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)