Category Archives: News
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် အိုအိမ်များထိခိုက်ပျက်စီးမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအချို့၌လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ရေတာရှည်မြို့နယ်တို့တွင် အိမ်(၇၅၀)ကျော်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်တို့တွင် အိမ်(၁၁၀)ကျော်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် အိမ်(၁၇)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်၊ ကျွန်းလှ၊ ကောလင်းမြို့နယ်တို့တွင် အိမ်(၁၁၀) ခန့် အမိုးအကာများပျက်စီးခဲ့ကြောင်း ကနဉီးသိရှိရပါသည်။ ၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက် ပျက်စီးမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ နယ်မြေ(၅)၌ (၃၀-၃-၂၀၁၉) ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၂)စုအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၇)ဦးအတွက် တစ်ပတ်စာ ဆန်ဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၃၅,၇၀၀)ကျပ်အား (၃-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူ များလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_apr2019 Source: … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်ဟောင်းတုန်း အုပ်စု၊ ဆားမှော်ကျေးရွာနှင့် နမီးအုပ်စု၊ နားမကျိုင်း ကျေးရွာများတွင် (၂.၄.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခိုက် မှုကြောင့် ပြိုလဲအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် အမိုးလန်နေအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများ ထံသို့ (၄.၄.၂၀၁၉)တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်စီးမှူးရုံး … Read more
-
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်အစည်းအဝေး ကျင်းပမှုသတင်း
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းဝေခန်းမ၌ကျင်းပရာ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အောင်ချမ်း သာကွက်သစ်ရှိ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ (၅၀၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀)အား (၃.၄.၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)
-
IDP စခန်းမှနေရပ်သို့ပြောင်းရွှေ့သောအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ နန့်လှိုင်ကျေးရွာရှိ၊ နန့်လှိုင်IDPစခန်းမှ မိမိနေရပ်သို့ပြောင်းရွှေ့ အိမ်ထောင်စု (၁၅) စု၊ လူဦးရေ (၆၉) ဦးတို့အတွက် တစ်ဦးလျှင် ဆန် (၂) ဗူးနှုန်းဖြင့်တစ်လစာ လူဦးရေ (၆၉) ဦးအတွက်၊ဆန်ရိက္ခာ (၂၁) အိတ်၊ (၁၃) ပြည်၊ (၄)ဗူး၊ တစ်အိမ်ထောင်စုလျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၅) စုအတွက် အိမ်ဆောက်တန်ဖိုး ငွေ (၁၅၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၂.၄.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခိုက်မှုကြောင့် အမိုးလန် ဘုန်းတော်ကြီး(၂)ကျောင်းနှင့် အမိုးလန်နေအိမ်(၂၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆)မျိုး (၂၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၄၅,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူထံသို့ (၄.၄.၁၉)တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
(၂-၄-၂၀၁၉) နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကျေးရွာခွဲ (၅) ရွာတွင် လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးကြောင့် အမိုးလန်ပျက်စီးသွားသောဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ရန်ပုံငွေ (၃၀၀၀၀) ကျပ်ကိုလည်းကောင်း၊ လုံးဝပျက်စီးခဲ့သောအိမ်ခြေ (၅) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၂၂) လုံး စုစုပေါင်းအိမ်ခြေ (၂၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၈၇၀၀၀၀) ကျပ်၊ ၎င်းအိမ်ထာင်စု (၂၇) စုရှိ လူဦးရေ (၁၀၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်ကိုလည်းကောင်း၊ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် မအူပင်မြို့နယ် အတွင်းရှိ မလတ်တိုကျေးရွာအုပ်စု အလန်း အုပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင် ဆင်ရေး၊ နေအိမ်များပြုပြင်ဆောင် ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မလတ်တိုကျးရွာအုပ်ချုပ်ရေးမှူး၊ ပါရမီလူမှုကူညီရေးအသင်း၊ ဂရုဏာ လူမှုကူညီရေးအသင်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ဝက်ကျကျေးရွာ၌ (၃.၄.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးတစ်ခြမ်း အမိုးလန်နေအိမ် (၁)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ ဆပ်ပြာ) တစ်အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၃၀,၀၀၀/-)ကျပ်တို့အား (၄.၄.၂၀၁၉) ရက်နေ့တွင် ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









