ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်အစည်းအဝေး ကျင်းပမှုသတင်း

 

ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းဝေခန်းမ၌ကျင်းပရာ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ် ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလ သမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့အကြား ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၎င်းပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန်အတွက် အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသား ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့် ကဏ္ဍ(၆)ရပ် အနက်  ဦးစားပေးကဏ္ဍများကို သတ်မှတ်၍ အရှိန်အဟုန်မြှင့် တိုးမြှင့်အကောင်အထည်ဖော်ခြင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် တစ်ရပ် ကိုပြည်တွင်း၌ ညှိနှိုင်းရေးဆွဲခြင်း၊  လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ကုလသမဂ္ဂနှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးတို့မှ နည်းပညာနှင့် အကြံဉာဏ်များ ရယူနိုင်ရေးဆောင်ရွက်ခြင်း၊ ပူးတွဲကြေညာချက်အား အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ရလဒ်များကို စုစည်းပြုစု၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ အသိပေးခြင်း၊ အမျိုးသမီးများအား လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန် ဆောင်ရွက်ရေးနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သတင်း မီဒီယာများမှတဆင့် လူထုအားအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းတို့ကိုပြုလုပ် သွားမည် ဖြစ်ပါကြောင်း၊ ယခု ပထမအကြိမ် အစည်းအဝေးတွင် ပူးတွဲကြေညာချက်ပါဆောင်ရွက်ရမည့် ကဏ္ဍ(၆)ရပ်အနက် ဦးစားပေး ကဏ္ဍများသတ်မှတ်ခြင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဝင်များဖြစ်ကြသော ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြရာ အမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအား ဖွဲ့စည်းသွားရန်၊ အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင်တင်ပြသည့် အချက်အလက် များအပေါ်မူတည်၍ Action Plan (မူကြမ်း) စုစည်းရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတည်ပြုချက်ရယူရန်အပါအဝင် အစည်းဝေး ဆုံးဖြတ်ချက်(၈)ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ချမှတ်ခဲ့ပါသည်။ ပူးတွဲကြေငြာချက်ကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီ၏ညှိနှိုင်း အစည်းအဝေးကျင်းပခြင်းနှင့် လုပ်ငန်းစီမံချက် ညှိနှိုင်းရေးဆွဲခြင်း စသောဖြစ်ပေါ်တိုးတက်မှုများကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၆) ရက်နေ့တွင် ကျင်းပမည့် ပဋိပက္ခနှင့်စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲ၊ ၂၀၁၈ခုနှစ်အတွက် ပဋိပက္ခနှင့် စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ အစီရင်ခံစာတို့မှာ ထည့်သွင်းဖော်ပြခြင်းဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သောဖြစ်ပေါ် တိုးတက်မှုများကို နိုင်ငံတကာသို့ အသိပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#h11_otr

#npw_apr2019

Source: MSWRR

ဧပြီလ(၃) ၊

နေပြည်တော်

Sign Up

Upcoming Events