(၂-၄-၂၀၁၉) နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကျေးရွာခွဲ (၅) ရွာတွင် လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးကြောင့် အမိုးလန်ပျက်စီးသွားသောဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ရန်ပုံငွေ (၃၀၀၀၀) ကျပ်ကိုလည်းကောင်း၊ လုံးဝပျက်စီးခဲ့သောအိမ်ခြေ (၅) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၂၂) လုံး စုစုပေါင်းအိမ်ခြေ (၂၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၈၇၀၀၀၀) ကျပ်၊ ၎င်းအိမ်ထာင်စု (၂၇) စုရှိ လူဦးရေ (၁၀၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်ကိုလည်းကောင်း၊ (၅) အိမ်ထောင်စုစာ (၃၂၃၅၃) ကျပ်တန်ဖိုးရှိသော ကယ်ဆယ် ရေးပစ္စည်း (၁၅) မျိုးကိုလည်းကောင်း၊ (၂၂) အိမ်ထောင်စုစာ (၁၈၅၁၀) ကျပ်တန်ဖိုးရှိသော ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုးနှင့် care myanmar ပိုက်ဖျာ (၂၇) ချပ်တို့အား (၃-၄-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_apr2019Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)