
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၂.၄.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခိုက်မှုကြောင့် အမိုးလန် ဘုန်းတော်ကြီး(၂)ကျောင်းနှင့် အမိုးလန်နေအိမ်(၂၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆)မျိုး (၂၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၄၅,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူထံသို့ (၄.၄.၁၉)တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)