Category Archives: News
-
လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်၊ မဒေါက်မြို့အုပ်ချုပ်ရေးမှူး၊ သောင်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မေတ္တာဖြူစင်စေတနာရှင် ပရဟိတအသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၉-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ဗောဓိကုန်ရွာ၊ ကန့်လန့်စုရွာ၊ သောင်ကြီးကျေးရွာများသို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ဖောင်ချောင်းကျေးရွာ၊ ဝါးကျွန်းတွင်းကျေးရွာ၊ မကျီးတန်းကျေးရွာ၊ ရေလာကျေးရွာအုပ်စု၊ ရေလာလေးကျေးရွာ၊ ညောင်ဂျစ်ပင်ကျေးရွာ၊ ရေမျက်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ပြည့်အိုင်ကျေးရွာနှင့် ကမ္မမြို့ ၊ အမှတ် (၁/၂/၃/၆)ရပ်ကွက်/ကျေးရွာများတွင် လေဘေးသင့် အမိုးလန် သီလရှင်ကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၇)လုံး၊ အမိုးလန်အိမ်ခြေ(၆၅)လုံး၊ အိမ်ထောင်စု(၇၂)စု၊ ဘေးသင့်လူဦးရေ(၃၃၃)ဦး ဘေးသင့်ခဲ့ရာ ကျောင်း/ အိမ်ဆောက်ပစ္စည်ဖိုး (၃,၇၁၅,၀၀၀/−)ကျပ်၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း၌ (၇-၄-၂၀၁၉) တွင် လေပြင်းတိုက်ခတ်မှုုကြောင့် ဘေးသင့်ခဲ့သော ကျေးရွာ (၂၁) ရွာမှ အမိုးလန်အိမ်ခြေ (၆၉) လုံး၊ ပြိုကျအိမ်ခြေ (၃) လုံး၊ အမိုးလန် ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၂၄၂၅၀၀၀) ကျပ်၊ လူဦးရေ (၃၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၇၂၈၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၅၃၇၀၀) ကျပ်၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ သဇင်ရပ်ကွက်၊ နယ်မြေ (၅) တွင် (၄-၄-၂၀၁၉) ရက်နေ့ (၁၃:၁၅) နာရီအချိန်၌ ဖြစ်ပွားခဲ့သော ကစ်သလစ်ဆရာတော်ကျောင်းဝန်းမီးဘေးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေစုစုပေါင်း (၂၁၂၆၀၀) ကျပ်တိတိအား ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်း၌ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီး၊ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့် အတူ (၉-၄-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၌ (၂-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခေတ်မှုကြောင့် သွပ်များအမိုးလန်ပျက်စီးခဲ့သောကျေးရွာအုပ်စု (၆) စု၊ အိမ်ခြေ (၁၅၇) လုံးတို့အတွက် (၉-၄-၂၀၁၉) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမတွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၇၂၀၀၀၀) ကျပ်နှင့် အိမ်ခြေ(၁၅၇) လုံးစာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့တွင် နွေရာသီတွင် ရေရှားပါးမှုဖြစ်ပေါ်လေ့ရှိသော ပင်းတယမြို့နယ်၊ နမ့်ပလန် ကျေးရွာ ပညာရွှေအိုးစာကြည့်တိုက်ရှေ့တွင်လည်းကောင်း၊ ရှားပြားကျေးရွာ ရှားပြား ဘုန်းတော်ကြီးကျောင်းရှေ့တွင်လည်းကောင်း၊ မြေခြားတောင်ကျေးရွာရွာအဝင်လမ်းတွင်လည်းကောင်း၊ ဝါတရာကျေးရွာအခြေခံ ပညာမူလတန်းကျောင်းရှေ့တွင်လည်းကောင်း၊ လမ်း ဆုံ၌ မိုးခေါင်ရေရှားပါးဘေးကြိုတင်ပြင် ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာတွင် (၆) ရွာတွင် (၇-၄-၂၀၁၉) ရက်နေ့ (၁ရ:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁၄)၊ အိမ်ထောင်စု (၁၄) စု၊ လူဦးရေစုစုပေါင်း (၅၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၁၇၆၀၀) … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်ပိုင်း)၊ ကြာကန်ကျေးရွာ(ကားဂိတ်တန်း) ရှိ ပြည်သူများ စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၅)စု၊ လူဦးရေ (၅၅၀)ဦးခန့်အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံကို (၉-၄-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာအုပ်စု၊ ဇာဟောကျေးရွာတွင် (၈-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)နာရီအချိန်၌ မိုးသည်းထန်စွာရွာ သွင်းမှုကြောင့် မိုးကြိုးထိမှန်သေဆုံး သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကိုဂန့်ဂေါ မြို့နယ်အထွေထွေအုပ်ချုပ်ရး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဇာဟောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အတူ (၈-၄-၂၀၁၉)ရက်နေ့ (၂၀း၄၅) နာရီအချိန်တွင် သေဆုံးသူ၏ ကျန်ရစ်သူမိသားစု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #mgy_apr2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့၌ လပွတ္တာမြို့နယ်၊ သနပ်ဖက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှ လေပြင်း ဒဏ်ခံနိုင်ရည် အားနည်းသည့် နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များ နှင့် ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)









