လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်ပိုင်း)၊ ကြာကန်ကျေးရွာ(ကားဂိတ်တန်း) ရှိ ပြည်သူများ စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၅)စု၊ လူဦးရေ (၅၅၀)ဦးခန့်အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံကို (၉-၄-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_apr2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)