လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်၊ မဒေါက်မြို့အုပ်ချုပ်ရေးမှူး၊ သောင်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မေတ္တာဖြူစင်စေတနာရှင် ပရဟိတအသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၉-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ဗောဓိကုန်ရွာ၊ ကန့်လန့်စုရွာ၊ သောင်ကြီးကျေးရွာများသို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)