လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၌ (၂-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခေတ်မှုကြောင့် သွပ်များအမိုးလန်ပျက်စီးခဲ့သောကျေးရွာအုပ်စု (၆) စု၊ အိမ်ခြေ (၁၅၇) လုံးတို့အတွက် (၉-၄-၂၀၁၉) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမတွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၇၂၀၀၀၀) ကျပ်နှင့် အိမ်ခြေ(၁၅၇) လုံးစာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)