လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း၌ (၇-၄-၂၀၁၉) တွင် လေပြင်းတိုက်ခတ်မှုုကြောင့် ဘေးသင့်ခဲ့သော ကျေးရွာ (၂၁) ရွာမှ အမိုးလန်အိမ်ခြေ (၆၉) လုံး၊ ပြိုကျအိမ်ခြေ (၃) လုံး၊ အမိုးလန် ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၂၄၂၅၀၀၀) ကျပ်၊ လူဦးရေ (၃၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၇၂၈၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၅၃၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆၉) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာနှင့် မိုးကြိုးပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀) တို့အား ကနီမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးဖြစ်ပွားရာဒေသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#sgg_apr2019Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events