လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာတွင် (၆) ရွာတွင် (၇-၄-၂၀၁၉) ရက်နေ့ (၁ရ:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁၄)၊ အိမ်ထောင်စု (၁၄) စု၊ လူဦးရေစုစုပေါင်း (၅၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၁၇၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀၀၀၀) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၅၇၆၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၄) အိမ်ထောင်စာတို့အား (၈-၄-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာစာရေးများထံသို့ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)