
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ဖောင်ချောင်းကျေးရွာ၊ ဝါးကျွန်းတွင်းကျေးရွာ၊ မကျီးတန်းကျေးရွာ၊ ရေလာကျေးရွာအုပ်စု၊ ရေလာလေးကျေးရွာ၊ ညောင်ဂျစ်ပင်ကျေးရွာ၊ ရေမျက်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ပြည့်အိုင်ကျေးရွာနှင့် ကမ္မမြို့ ၊ အမှတ် (၁/၂/၃/၆)ရပ်ကွက်/ကျေးရွာများတွင် လေဘေးသင့် အမိုးလန် သီလရှင်ကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၇)လုံး၊ အမိုးလန်အိမ်ခြေ(၆၅)လုံး၊ အိမ်ထောင်စု(၇၂)စု၊ ဘေးသင့်လူဦးရေ(၃၃၃)ဦး ဘေးသင့်ခဲ့ရာ ကျောင်း/ အိမ်ဆောက်ပစ္စည်ဖိုး (၃,၇၁၅,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး(၆၉၉,၃၀၀/−)ကျပ်၊ စုစုပေါင်း (၄,၄၁၄,၃၀၀/-)ကျပ် (ကျပ်လေးဆယ့်လေး သိန်းတစ်သောင်းလေးထောင့်သုံးရာတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ အိမ်ထောင်စု(၇)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၆၅)စုစာတို့အား (၈.၄.၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)