
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာအုပ်စု၊ ဇာဟောကျေးရွာတွင် (၈-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)နာရီအချိန်၌ မိုးသည်းထန်စွာရွာ သွင်းမှုကြောင့် မိုးကြိုးထိမှန်သေဆုံး သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကိုဂန့်ဂေါ မြို့နယ်အထွေထွေအုပ်ချုပ်ရး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဇာဟောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အတူ (၈-၄-၂၀၁၉)ရက်နေ့ (၂၀း၄၅) နာရီအချိန်တွင် သေဆုံးသူ၏ ကျန်ရစ်သူမိသားစု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_tls
#mgy_apr2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)