Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယားပြည်နယ်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျးရွာအုပ်စု၊ ပရယ်တော်ကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာ၊ ဒိုးပရယ်အုပ်စု၊ လျားဒူကျေးရွာနှင့် ထီးဒူးလယ်ကျေးရွာများသို့ (၈.၄.၂၀၁၉) ရက်နေ့တွင် ရေဂါလံ(၁၂၅၀) ဆံ့ ရေသယ်ယာဉ်(၂)စီး၊ ရေဂါလံ (၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ရေဂါလံ(၇၅၀)ဆံ့ရေသယ် ယာဉ်(၁)စီး စုစုပေါင်း ရေသယ်ယာဉ်(၄)စီးဖြင့် သောက်သုံးရေများသွား ရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ေလဘေးထောက်ပံ့မှုသတင်း
(၇-၄-၂၀၁၉) ရက်နေ့ (၂၁း၀၀) အချိန်၌ တပ်ကုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတောကျေးရွာ၊ ကြံဖိုကျေးရွာ၊ ကင်ပွန်းတန်းကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာ၊ သော်တာကျေးရွာ၊ တံခွန်တိုင်ကျေးရွာ စုစုပေါင်းကျေးရွာ (၇) ရွာတို့တွင် လူနေအိမ် (၂၀) လုံး တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၇၄၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇၇) အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆၁၇၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၀၁၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိူး (၁၆) အိမ်ထောင်စုစာတို့အား (၉-၄-၂၀၁၉) … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၄.၂၀၁၉)ရက်နေ့၌ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အုပ်စုမှ ခိုင်ခံ့မှုအားနည်းပြီး ဆင်းရဲနွမ်းပါးသည့် အဘိုးအဘွားများ နေအိမ်၊ မိသားစုဝင်များပြားပြီး ဆင်းရဲနွမ်းပါးသည့် နေအိမ်များ၊ စုစုပေါင်းနေအိမ် (၃၀) လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ရွေးချယ်ခဲ့ပြီး နေအိမ်များမွမ်းမံ ပြင်ဆင်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ လေပြင်းဘေး အသိပညာပေးဗွီနိုင်းပိုစတာ စိုက်ထူခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar_sgw #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ မကျီးကုန်းကျေးရွာ၊ အိမ်ခြေကျေးရွာ၊ ကိုင်းဝန်းကျေးရွာ၊ အင်းလျှားရှည်ကျေးရွာနှင့် ရွာကုန်းကြီးကျေးရွာတို့မှ အမိုးလန်လူနေအိမ် (၂၈) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၂၈) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၅) မျိုးတို့အား (၉-၄-၂၀၁၉) ရက်နေ့တွင် အဆိုပါဘေးသင့်ကျေးရွာအသီးသီးရှိ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: … Read more
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အရိုးပုံကျေးရွာအုပ်စု၊ အရိုးပုံရွာဟောင်းနှင့် တံတားဦးကျေးရွာတို့ရှိ နေအိမ်များသို့ လေပြင်းဘေးဒဏ် ခံနိုင်စေရန် အမိုး၊ အကာများ ပြုပြင်ခြင်း များဆောင်ရွက်ရေးအတွက် ကဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ရှင်သန်ခြင်းတွဲလက် ပရဟိတအသင်းအဖွဲ့ဝင်များတို့နှင့်ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar_sgw # bgo_apr2019
-
ရေရှားပါးသောဒေသများသို့သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေရှားပါးမှုကြုံတွေ့နေရသော ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာရှိ အိမ်ခြေ (၆၅) အိမ်၊ အိမ်ထောင်စု (၆၅) စု၊ လူဦးရေ (၂၆၀) ဦးအတွက်သောက်သုံးရေ (၄၈၀၀) ဂါလံအား (၉-၄-၂၀၁၉) ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။#ha_drg #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်းရပ်ကွက် (နန်းဟူးကုန်း) တွင် (၇-၄-၂၀၁၉) ရက်နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စု လေဘေးသင့်ခဲ့ပြီး ဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၆၀၀) ကျပ်၊ ရန်ပုံငွစုစုပေါင်း (၁၀၂၆၀ဝ) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘော်လခဲခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၁၉) … Read more
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက် ပျက်စီးမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီ၊ ကျွန်းလှ၊ ယင်းမာပင်၊ တန့်ဆည်၊ မော်လိုက်၊ ကသာ၊ ကန့်ဘလူနှင့် ကောလင်းမြို့နယ်တို့တွင် နေအိမ်(၄၀၀)လုံးခန့်နှင့် ဘာသာ ရေးအဆောက်အဦ(၇)လုံး အမိုးအကာများ ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။ ၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများကြောင့် ဘေးသင့်ပြည်သူ များအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုှုှဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးရုံးများမှတာဝန်ရှိသူများက (၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်နေရာများသို့ အမြန်ဆုံး သွားရောက်ထောက်ပံ့ပေးလျက်ရှိရာ ငွေသားနှင့် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ရင်း ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၅)မျိုး (၈)အိမ်ထောင်စာနှင့် လူဦးရေ(၃၇)ဦး အတွက် ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ငွေ(၃၃၃၀၀၀/-) ကျပ်တို့ကို (၉-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးးစီးမှူးရုံး (ဘစမ) # ha- otr # rke_apr2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေဂျင်း)လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ် ဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ဧပြီ ၉၊ နေပြည်တော် ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေဂျင်း)လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ်ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပသော စတုတ္ထအကြိမ် အမျိုးသမီးရေးရာ ကမ္ဘာ့ညီလာခံကို တက်ရောက်ခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (Myanmar National Committee on Women-MNCW) ကို ၁၉၉၆ခုနှစ်တွင် … Read more









