(၇-၄-၂၀၁၉) ရက်နေ့ (၂၁း၀၀) အချိန်၌ တပ်ကုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတောကျေးရွာ၊ ကြံဖိုကျေးရွာ၊ ကင်ပွန်းတန်းကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာ၊ သော်တာကျေးရွာ၊ တံခွန်တိုင်ကျေးရွာ စုစုပေါင်းကျေးရွာ (၇) ရွာတို့တွင် လူနေအိမ် (၂၀) လုံး တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၇၄၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇၇) အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆၁၇၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၀၁၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိူး (၁၆) အိမ်ထောင်စုစာတို့အား (၉-၄-၂၀၁၉) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးတာဝန်ရှိဝန်ထမ်းများသည် ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw
#npw_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)