လေဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ မကျီးကုန်းကျေးရွာ၊ အိမ်ခြေကျေးရွာ၊ ကိုင်းဝန်းကျေးရွာ၊ အင်းလျှားရှည်ကျေးရွာနှင့် ရွာကုန်းကြီးကျေးရွာတို့မှ အမိုးလန်လူနေအိမ် (၂၈) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၂၈) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၅) မျိုးတို့အား (၉-၄-၂၀၁၉) ရက်နေ့တွင် အဆိုပါဘေးသင့်ကျေးရွာအသီးသီးရှိ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw
#sgg_apr2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events