လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ရင်း ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၅)မျိုး (၈)အိမ်ထောင်စာနှင့် လူဦးရေ(၃၇)ဦး အတွက် ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ငွေ(၃၃၃၀၀၀/-) ကျပ်တို့ကို (၉-၄-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးးစီးမှူးရုံး (ဘစမ)
# ha- otr
# rke_apr2019